Powered By Blogger

Saturday, September 22, 2012

၁၉ - ၉ - ၂၀၁၂ ရက်နေ့

၁၉ - ၉- ၂၀၁၂ ရက်နေ့တွင် ညောင်ဦးမြင့်မြတ်သူ အသင်း၏ သွေးနှင့် လူနာတင်ယာဉ် ကူညီမှုများမှာ -


၁။ တောင်ရွာနောင်ရွာမှ လူနာ မမြင့်မြင့်ခင်အတွက်လိုအပ်သော (အေ)သွေး (၃)လုံးကို ပျော်ဘွယ်ရွာမှ ကိုဝင်းနိုင်၊ ကိုသန်းနိုင်စိုး နှင့် ကိုဝင်းလှိုင်မင်း တို့မှ လှူဒါန်းခဲ့ပါသည်။

၂။ ကျောက်ပန်းတောင်းမြို့နယ် ကျီးကန်ရွာမှ လူနာ ဒေါ်ခင်သိန်းအတွက်လိုအပ်သော (ဘီ)သွေးကို ညောင်ဦးမြို့ ကျန်စစ်သားဥမင်ကျောင်းမှ ဦးကောဝိဒ မှ လှ

ူဒါန်းပါသည်။

၃။ ကျောက်ပန်းတောင်းမြို့နယ် ပေါက်တော ကျေးရွာမှ လူနာ ကိုလှထွန်းအောင်အတွက်လို အပ်သော(ဘီ)သွေး ကို ညောင်ဦးမြို့ အောင်သိန္ဒိရပ်မှ ကိုသန်းထွန်းမှ လှူဒါန်းခဲ့ပါသည်။

၎။ ကျောက်ပန်းတောင်းမြို့ မှ လူနာ မျိုးမင်းသန်းအတွက်လိုအပ်သော (အေ)သွေးကို ကျောက်ပန်းတောင်းမြို့ ခေမာဝတီစာသင်တိုက် ဆရာတော် ဦးရေ၀သုခ မှ လှူဒါန်း ခဲ့ပါသည်။

၅။ တောင်ဇင်း ဆေးရုံတက်ရောက်ကုသနေသော ကောင်းပင်စည်ရွာ မှ လူနာ မအေးစန်းအတွက် လိုအပ်နေသော (အို)သွေးကို ဈေးတန်းမြောက် အရပ်မှ ကိုဝေဇော်သူ မှ တောင်ဇင်းဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

၁၉ - ၉- ၂၀၁၂ ရက်နေ့ မြင့်မြတ်သူအသင်း၏ လူနာတင်ယာဉ်ကူညီမှုမှာ

၁။ (၀၉း၅၀)နာရီတွင် စုတည်ရွာမှ မွေးလူနာ မလှသိန်းအား လ နှင့် နေ ဆေးရုံမှ စုတည်ရွာသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၂။ (၁၁း၀၅)နာရီတွင် တောင်ဇင်းဆေးရုံအတွက်လိုအပ်သော သွေးလှူရှင် ၂ ဦးကို အသင်းမှ ဦးထားကြီးနှင့် ဦးဇော်တို့မှ သွားရောက်ပို့ဆောင်ပေးခဲ့ပါသည်။

၃။ (၁၃း၅၀)နာရီတွင် ငပိုင်ရွာမှ လူနာ ဒေါ်လှမြင့်အား ညောင်ဦးဆေးရုံမှ ရွာသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပါသည်။

၎။ (၁၅း၁၅)နာရီတွင် ဒဟတ်ကန်ရွာမှ လူနာ မမြမြ အား အသင်းမှ ကိုထွန်းထွန်းနှင့်ကိုဖြိုးတို့မှ ရွာမှ ညောင်ဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၅။ (၁၈း၁၅ )နာရီတွင် ထနောင်ဝင်းရွာမှ လူနာ ဦးတင်မောင်အား ရွာအနီးမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

No comments: