ဘယ်လ်ဂျီယမ်နိုင်ငံသားတစ်ဦးအား ဘန်ကောက်ဆေးရုံလေယာဉ်သို့ပို့ဆောင်ပေး
ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့်လူနာတင်ယာဉ်ကူညီမှုအသင်းမှ
လူနာတင် ယာဉ်ဖြင့်ဘယ်လ်ဂျီယမ် နိုင်ငံသားတစ်ဦးအား ပုဂံမြို့၊ ကုမုဒြာဟိုတယ်မှ ညောင်ဦးလေဆိပ်သို့
ပို့ဆောင်ပေးရပါသည်။ လူနာနှင့်ဇနီးတို့မှာ နိုင်ငံခြားခရီး သွားကုမ္ပဏီတစ်ခုနှင့်ဆက်သွယ်လာရောက်ခြင်းဖြစ်ပြီး
အရိုးကင်ဆာရောဂါရှိသူဖြစ်ပြီး အသက်မှာလည်း(၈၀)ခန့်ရှိနေပြီဖြစ်၍ အညာဒေသ၏အပူဒဏ်ကြောင့်
ပမ်းဖျားဖျားနေကြောင်းသိရပါသည်။ အသက်အာမခံကုမ္ပဏီ၏အစီအစဉ်ဖြင့် ဘန်ကောက်ဆေး ရုံမှတဆင့်
ဒေသခံကိုယ်စားလှယ် ဦးကိုကိုမောင်မှအကူညီတောင်းခံလာသည့်အတွက် လေဆိပ်သို့ကြိုတင်သွားရောက်ရပြီး
လေယာဉ်နှင့်အတူပါလာသည့် ထိုင်းလူမျိုးလေယာဉ်ဆရာဝန်နှင့်သူနာပြုတို့အားခေါ်ဆောင်ကာ ပုဂံမြို့၊
ကုမုဒြာဟိုတယ်သို့သွား ရောက်ကာ လူနာများကိုသယ်ယူပို့ဆောင်ပေးရခြင်းဖြစ်ပါသည်။ ဘန်ကောက်ဆေးရုံမှသီးသန့်လေယာဉ်အရောက်
သယ်ပို့ပေးရ ခြင်းဖြစ်ပါသည်။ လေယာဉ်မှာဆင်းသက်ခွင့်ညှိနှိုင်းနေရမှုကြောင့် ညအချိန်ထိရောက်ရှိသွားကြောင်းသိရသည်။
လေဆိပ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၊ လူဝန်မှုကြီးကြပ်ရေး၊ အကောက်ခွန်တို့မှစစ်ဆေးပြီးမှထွက်ခွါသွားပါသည်။
ပုဂံဒေသမှာ
နိုင်ငံခြားခရီးသွားများလာရောက်ရာဒေသဖြစ်ရာ နိုင်ငံခြားသားလူနာများကို မကြာခဏ၀န်ဆောင်မှုပေးရပါ
သည်။ တောင်းအေ့ယာဉ်မှာ အိုဟောင်းနေပြီဖြစ်ပြီး မီဂါယာဉ်မှာလည်းပစ်ကပ်ယာဉ်ဖြစ်ပြီး ရွာများသို့ဝင်ရောက်နိုင်ရန်
အိပ်ဆယ် မြင့်၊ ဘီးလုံးကြီး၊ သဲရုန်းနိုင်ရန်အတွက်အသုံးပြုရပါသည်။ လူနာတင်ယာဉ်အတွက်သီးသန့်ယာဉ်များမှာ
ဈေးနှုန်းမြင့်သည့်အ တွက်မ၀ယ်နိုင်သေးသည့်အတွက် သင့်တော်ရာ ဈေးသက်သာသည့်မော်တော်ယာဉ်ကို
ပြုပြင်အသုံးပြုနေခြင်းဖြစ်ရာ နိုင်ငံခြား သားလူနာများအတွက်အသုံးပြုရာတွင် အဆင်မပြေမှုများရှိနေပါသည်။၂၀၁၂နှစ်ဆန်းခါစတွင်
နန်းမြင့်ဟိုတယ်ဟုအသိများသော ရွှေနန်းတော်ဟိုတယ်တွင် ထိုင်းနိုင်ငံသားခရီးသည်တစ်ဦး
ရေချိုးခန်းအတွင်းလဲကျသွားရာဆေးရုံတင်ပို့ခဲ့ရပါသည်။ ဆေးရုံတွင် အတူပါသမီးဆရာဝန်က တခြားမြို့ရှိအဆင့်မီဆေးရုံပို့ရန်လူနာတင်ကားခေါ်ရာ
တောင်းအေ့လူနာတင်ယာဉ်ကိုကြည့်ပြီးစိတ် ပျက်သွားကြောင်းသိရှိရာ ယာဉ်မောင်းသည့်ကော်မတီဝင်မှာ
ရှက်အားနာဖြစ်ရကြောင်းအသင်းသို့တင်ပြခဲ့ပါသည်။ ထိုလူနာမှာ ဆေးရုံမရောက်မီကပင် သေဆုံးပြီးကြောင်းသိရသော်လည်း
နိုင်ငံနှင့်လူမျိုးအတွက်၊ မြို့အတွက်သိက္ခာကျစရာမဖြစ်ရအောင် လူနာတင်ယာဉ်တစ်စီးဝယ်ယူရန်ဆုံးဖြတ်ပြီး
ခေတ္တခဏချေးငှါးသူရှာဖွေ၍ ဟိုက်အေ့ကာစတန်ယာဉ်တစ်စီးဝယ်ယူခဲ့ပါသည်။ တာဝန်သိစိတ်ဖြင့်ဆောင်ရွက်နေသော
လူမှုရေးအကျိုးဆောင်အဖွဲ့များ၏ တာဝန်ယူစိတ်ကိုထင်ဟပ်နေမှုပင်ဖြစ်ပါသည်။

No comments:
Post a Comment